ဝမ်းတွင်းမြို့နယ်၌ စာပေချစ်သူများအသင်းမှ “အလုပ်ဆိုတာ အင်အားပါ” စာဖတ်ဝိုင်း ကျင်းပ

ဝမ်းတွင်း ဇွန် ၂၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် Community Centre ခန်းမတွင် စာပေချစ်သူများအသင်းမှ“ အလုပ်ဆိုတာ အင်အားပါ” စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောက Community Centre ခန်းမတွင် စာပေချစ်သူများအသင်းမှ စာဖတ်ဝိုင်းများ ကျင်းပပေးခြင်းဖြင့် စာပေရဲ့တန်ဖိုး၊ စာပေမှ ရရှိလာသည့် အသိပညာ ဗဟုသုတများကို တိုးပွားလာစေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းကို ကျင်းပခဲ့ရာ ဒေါ်သီသီထွေးက အလုပ်ဆိုတာ အင်းအားပါနှင့် အလုပ်လုပ်ရာမှာ အောင်မြင်စေလိုရင် အများနှင့် ပြေလည်အောင် ဆက်ဆံတက်ပါစေ၊ ဒေါ်ချိုချိုမင်းမှ အလုပ်ရဲ့ တန်ဖိုးထဲမှာ သိက္ခာပါနေတယ်ဆိုတာ သနိထားကြစေလိုပါတယ်နှင့် အလုပ်လုပ်တဲ့နေရာမှာ ခြင်္သစိတ်ထားပါ၊ ဒေါ်စိုးစိုးအေးက အလုပ်လုပ်တဲ့နေရာမှာ စေတနာပါပါစေနှင့် အလုပ်ထဲမှာ စေတနာနဲ့ ယုံကြည်ချက်အား များအောင်ကြိုးစားပါ၊ ဒေါ်ချိုစုက အလုပ်လုပ်တဲ့နေရာမှာ အဆိုးမြင်စိတ် မလွန်ကဲပါစေနဲ့ စသည့် ခေါင်းစဥ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာပေချစ်သူများအသင်းမှ စာဖတ်ဝိုင်း ကျင်းပခြင်းသို့ ဦးစီးအရာရှိ ဒေါ်မူမြစောနှင့် စာပေချစ်သူများအသင်း အဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကာ စာပေဗဟုသုတများ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)