ကမမောင်း ဇွန် ၂၁
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ပလတ်စတစ်ညစ်ညမ်းမှု၏ ဆိုးကျိုးများအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀) နာရီက မမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ (အင်အားပြ) ဒေါ်တင်တင်လှက အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ရုပ်သံ-၃(အင်အားပြ) ဦးသန့်ဇင်ဝင်းက ပလတ်စတစ်၏ အဓိပ္ပါယ်၊ ပလတ်စတစ်ဆိုင်ရာ ပြသနာများ၊ ပလတ်စတစ်ညစ်ညမ်းမှု အခြေအနေ၊ ပလတ်စတစ် ထုတ်လုပ်သုံးစွဲမှု အခြေအနေ၊ ပလတ်စတစ် ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများ၊ ပလတ်စတစ် ပစ္စည်းများ အသုံးပြုမှုကို လျှော့ချရန် နည်းလမ်းများ စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန့်ဇင်(ပြန်/ဆက်)