နတ်တလင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး

နတ်တလင်း ဇွန်  ၂၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို နတ်တလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက် ၉နာရီကပြုလုပ်ခဲ့သည်။

အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို   အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ အေးအေးသန့်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများမှ အခြေခံရောဂါ ရှာဖွေစမ်းသပ်စစ်ဆေးခြင်း၊ ကြိုတင်ရောဂါရှာဖွေခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ ကိုယ်အလေးချိန်နှင့်အရပ်တိုင်းတာ‌ပေးခြင်း၊ ဆီးချိုသွေးချိုတိုင်းတာ‌ပေးခြင်း၊ သွေးပေါင်ချိန်ခြင်းများပြုလုပ်‌ပေးပြီး လိုအပ်သောဆေးဝါးနှင့် ကုသခြင်းများကို(အခမဲ့) စစ်ဆေးကုသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။    

နတ်တလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် လစဉ်(၂၁)ရက်နေ့တိုင်း  အငြိမ်စားနိုင်ငံ့ဝန်ထမ်းများအားအခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးရာ ယနေ့တွင် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်း(၄၂) ဦးကိုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း နတ်တလင်းမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအေးအေးသန့်ထံမှသိရသည်။

ဝေယံဖြိုး(ပြန်/ ဆက်)