ချမ်းမြသာစည်မြို့နယ်တွင် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ချမ်းမြသာစည် ဇွန် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် အမှတ် (၂၁) အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ချမ်းမြသာစည်မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်‌ကေသွယ်ခိုင်နှင့်ဝန်ထမ်းများက ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းနှင့်နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း  သိရသည်။

 အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၁)၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင် တိုက်ဖျက်(ဆောင်းပါး)၊ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ၊ ကျောင်းသား လူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ (၂၆-၆-၂၀၂၂) ရက်နေ့ထုတ် ကြေမုံသတင်းစာမှ နုခန့်ယဉ် (ရစ်ကန်ကြီး)၏ မူးယစ်ဆေးဝါးတို့ရှောင်ရှား(ကဗျာ)၊ ကာတွန်းနှင့် ဆောင်ပုဒ်များပါရှိကြောင်း သိရသည်။ လက်ကမ်းစာစောင်များကို ဆရာ/ဆရာမများကျောင်းသား၊ကျောင်းသူများထံသို့ ဖြန့်ဝေပြီးနောက်တွင် အသိပညာ ဗဟုသုတဖွံ့ဖြိုးတိုးတက်စေရေးနှင့်စာဖတ်ရှိန်မြင့်မားလာရေးတို့အတွက် သုတ/ရသစာအုပ်စာစောင်များအား ဖတ်ရှုလေ့လာနိုင်ရန် နယ်လှည့်စာကြည့်တိုက်အား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်စွာ