အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်ကာကွယ်​ဆေးများ အရှိန်အဟုန်မြှင့် ထိုးနှံပေး

အိမ်မဲ ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးများကို ယမန်နေ့က အ.ထ.က-၁ ကျောင်းတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ကို ကာကွယ်ဆေးတစ်ခါမှ မထိုးရသေးတဲ့ KG ကျောင်းသား၊ ကျောင်းသူတွေကို first doc ပထမအကြိမ် ထိုးနှံပေးတာဖြစ်ပြီး အသက် (၁၂)ကနေ (၁၈) နှစ်အထိ ကျောင်းသား၊ ကျောင်းသူတွေကို second booster ဒုတိယအကြိမ် ထပ်ဆောင်းထိုးနှံပေးတာ ဖြစ်ပါတယ်။ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၁၀)ဦးကို ထိုးနှံပေးခဲ့တာဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ ဆရာမတစ်ဦးက ပြောသည်။

အဆိုပါ ကျောင်းသား၊ ကျောင်းသူများကို ဆေးမထိုးမှီကို အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန် ပေးခြင်းများကို ဆောင်ရွက်ပြီးမှ ကာကွယ်ဆေးထိုးပေးကာ နာရီဝက်ခန့် စောင်ကြည့်ပြီးမှ ဆေးထိုးစုရပ်မှ ထွက်ခွာစေခဲ့သည်။ ယနေ့နံနက်ပိုင်းတွင်လည်း အ.ထ.က-၂ ကျောင်းတွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)