ညောင်ဦးမြို့နယ်၌ ပုဂံဒေသထွက်လက်ဆောင်ပစ္စည်းထုတ်လုပ်ရောင်းချသောစီးပွားရေး လုပ်ငန်းရှင်များနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ညောင်ဦး  ဇွန် ၂၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံဒေသထွက်လက်ဆောင်ပစ္စည်းထုတ် လုပ်ရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များနှင့် ပုဂံဒေသထွက်ပစ္စည်းရောင်းချသော ဈေးဆိုင်လုပ်ငန်းရှင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။

ပုဂံဒေသထွက်ကုန်လက်ဆောင် ပစ္စည်းထုတ်လုပ်ရောင်းချသူများနှင့် ပုဂံဒေသထွက်ပစ္စည်းရောင်းချသောဆိုင်လုပ်ငန်းရှင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ညောင်ဦးခရိုင်စားသုံးသူ ရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းစိုးက လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပရခြင်း ရည်ရွယ်ချက်များရှင်းပြအမှာစကားပြောကြားသည်။ ပြီးနောက်တက် ရောက်လာသည့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေါ်သီတာထွန်း(လက်ထောက်ညွှန်ကြားရေးမှူး)က ပုဂံဒေသထွက်ကုန်ပစ္စည်းများအား နိုင်ငံတကာသို့ထိုး ဖောက်ရောင်းချနိုင်ရေး၊ ကြိုးပမ်း ဆောင်ရွက်ရန်နှင့်ကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်ရန်၊ ပုဂံဒေသထွက် ပစ္စည်းများအား နိုင်ငံတကာ ခရီးသွားများ ကျယ်ပြန့်စွာသိရှိဝယ် ယူအသုံးပြုတိုင်ရေးအတွက်အား မြှင့်တင်ဆောင်ရွက်ရန်နှင့် ပုဂံဒေသဈေးဆိုင်များ စနစ်တကျ ရှိစေရေးကြီးကြပ် ဆောင်ရွက်ခြင်ဖြစ်ကြောင်း၊ ရောင်းချလျက်ရှိသည့် ပစ္စည်းများကိုလည်း သန့်ရှင်းစွာထားသိုပြီး သက်ဆိုင်ရာများကသတ်မှတ်ထား သည့် ကုန်အညွှန်းအမှတ်အသားများဖြင့် ရောင်းချနိုင်ရေးတို့အားဆွေးနွေးပြောကြားသည်။ ပြီးနောက် တက်ရောက်လာသည့် ပုဂံဒေသထွက်ကုန်စီးပွားရေးလုပ်ငန်းရှင်များက ပြန်လည်ဆွေးနွေးကြပြီး သက်ဆိုင်ရာဌာနဆိုင်ရာများမှ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးကာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဆုံးဖြတ်ချက်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ဒီပါလင်း