ဗန်းမော် ဇွန် ၂၃
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဗန်းမော်ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့အကြောင်း အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစုမိုးက ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ကဏ္ဍများထဲမှ ကမ္ဘာ့အအေးပေး ပစ္စည်းများနေ့အကြောင်းနှင့် ပတ်သက်၍ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့၏ ဆောင်ပုဒ်၊ ကမ္ဘာ့အအေးပေးပစ္စည်းများ၏ အန္တရာယ်အကြောင်း၊ အိုဇုန်းလွှာပျက်စီးပါက ကမ္ဘာကြီးအတွက်ဆိုးကျိုးသက်ရောက်မှုများ၊ အိုဇုန်းလွှာ ပျက်စီးမှုကို ကာကွယ်ထိန်းချုပ်သည့် လုပ်ငန်းများဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ အနေဖြင့် အိုဇုန်းလွှာပျက်စီးမှုကို ကာကွယ်ထိန်းချုပ်ရန် ဆောင်ရွက်နေမှုများကို မေးမြန်း ဆွေးနွေးခဲ့ပြီး ဗန်းမော်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအံ့မော်ဦးက ကမ္ဘာ့အအေးပေးပစ္စည်းများနေ့အကြောင်းနှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးဖြေကြားခဲ့ပြီး မြန်မာနိုင်ငံကြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန်အတွက်နှင့် နောင်လာမည့် အနာဂါတ်မျိုးဆက်သစ် များကို ပိုမိုကောင်းမွန်သောဂေဟစနစ်ကို ပေးစွမ်းနိုင်ဖို့အတွက် ကာဗွန်ထုတ်လုပ်မှု နည်းပါးသော လူနေမှုဘဝများ တည်ဆောက်ကြပါစို့ဟု အသိပညာပေး တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်