ဗန်းမော် ဇွန် ၂၃
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဗန်းမော်မြို့နယ်၊ ((၅)မိုင်) စီအင်ကျေးရွာ၌ တိရစ္ဆာန်များ အစာဖူလုံမှုရှိစေရန်အတွက် မိုးရာသီ တိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ခင်း ရက်သတ္တပတ်လှုပ်ရှားမှုကို ယမန်နေ့ ညနေ ၃ နာရီခန့်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီ တိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ခင်း ရက်သတ္တပတ်လှုပ်ရှားမှုကို ဗန်းမော်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများက ((၅)မိုင်) စီအင်ကျေးရွာရှိ တောင်သူ ဒေါ်ဂေါ့လူလုဘူ၏ (၂.၅)ဧကရှိ ဖူးစားပြောင်းစိုက်ခင်းသို့ သွားရောက်၍ စိုက်ခင်းပိုင်ရှင်များနှင့် တွေ့ဆုံကာ တောင်သူစိုက်ပျိုးထားသည့် တိရစ္ဆာန်အစာပင် ဖူးစားပြောင်းသည် တိရစ္ဆာန်များအတွက် လိုအပ်သည့် အဟာရဓာတ်များစွာပါဝင်ကြောင်း၊ တိရစ္ဆာန်များတွင် လိုအပ်သည့် အဟာရတန်ဖိုး မြင့်မားစွာပါဝင်သည့် နေဗီယာမြက်များကိုလည်း စိုက်ပျိုးပေးသင့်ကြောင်း အသိပညာပေး ပြောကြားခဲ့ပြီး မိုးရာသီတိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ခင်း ရက်သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်