မန်တုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ “ကျန်းမာရေးဆိုင်ရာ အသိပညာပေး” Talk Show ဆောင်ရွက်

မန်တုံ  ဇွန် ၂

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊ အမှတ်(၁၀) တွင်ပါရှိသည့် စာရေးဆရာ ဒေါက်တာလွင်သန့် ရေးသားထားသော “ နွေရာသီမှာ ရင်ဆိုင်ရမည့် ကျန်းမာရေးပြဿနာများ” ဆောင်ပါးဖြင့် ​အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က နွေရာသီမှာဖြစ်နိုင်တဲ့ ရောဂါတွေက ရေရှားပါးမှု၊ သောက်သုံးရေပြတ်လတ်မှု၊ တစ်ကိုယ်ရေသန့်ရှင်းမှု နည်းခြင်းကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အစာအဆိပ်သင့်ခြင်းရောဂါ၊ အထက်လှန် အောက်လျှောရောဂါများ၊ အပူကြောင့် ရေဓာတ်ဆုံးရှုံးခြင်း၊ ကြွက်တက်ခြင်း၊ ခရမ်းလွန်ရောင်ခြည်သင့်ခြင်း၊ အသားအရေညိုမည်းစွဲခြင်း၊ အရေပြားဓာတ်မတည့်ခြင်း၊ အရေပြား ဓာတ်မတည့်ခြင်း၊ အရေပြားယားနာများ၊ အပူကြောင့် သွေးလန့်ခြင်းတို့ဖြစ်ပေါ်နိုင်ကာ သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။ သောက်သုံးရေပြတ်လတ်ခြင်း၊ ရေမသန့်ခြင်းက တစ်ကိုယ်ရေသန့်ရှင်းမှု ကျဆင်းလာသလို၊ မသန့်ရှင်းတဲ့ရေသောက်သုံးရလို့ ဝမ်းလျှော၊ ဝမ်းပျက်၊ ဝမ်းကိုက်ရောဂါများ ခံစားကြရကြောင်း ဦးစွာပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်လွေးအေးတင်က  နွေရာသီမှဦ ရေအရင်းအမြစ် ရှားပါးလို့ ရေများချွေတာပြီး၊ သီးနှံစိုက်ပျိုးရတဲ့အခါ၊ ရာသီဉတုကြောင့် သီးနှံအထွက်လျော့နည်းပါးကာ၊ စာနပ်ရိက္ခာ စျေးကြီးမြင့်မှု၊ ပြတ်လတ်မှုများ ကြုံရနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရာသီဉတုဟာ ဆယ်စုနှစ်အတွင်းပြောင်းလဲသွားတာက သစ်တောများပြုန်းတီးခြင်းနဲ့ ဂေဟစနစ် ပြောင်းလဲခြင်းတို့ဖြစ်နေသဖြင့် သစ်တောများ ပြုစုပျိုးထောင်ရေး အရေးကြီးလာတယ်။ ဒါ့ပြင် မြေအောက်ရေသုံးစွဲမှုများပြားလာရင် ရေပြတ်လပ်မှုများ ပိုမိုဆိုးရွားလာနိုင်လို့ ဆည် မြောင်းများတည်ဆောက်၊ သစ်တောများထိန်းသိမ်းခြင်းကသာ အပူချိန်ပြင်းထန်ခြင်း၊ ရေရှားပါးခြင်းတို့မှ ကာကွယ်နိုင်မှာဖြစ်ကြောင်း အစရှိသည်များကို ဗဟုသုတ ရဖွယ် အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

မန်တုံ(ပြန်/ဆက်)