တီးတိန် ဇွန် ၂၃
ချင်းပြည်နယ်တီးတိန်မြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည်ထောက်ပံ့ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကိုယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ဦးစွာ ခရိုင်ကျေးရွာစီမံကိန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌဦးအောင်ချမ်းငြိမ်းက အမှာစကားပြောကြားကာနိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်မည့် လေးလုမ်းရပ်ကွက်ကျေးရွာကော်မတီနှင့် အိမ်ထောင်စုများအားမတည်ထောက်ပံ့ ငွေပေးအပ်ခဲ့သည်။
ဆက် လက်၍နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းဆောင်ရွက်မည့် ဆိုင်းဇန်၊ လိုင်လိုး၊ လိုင်တွီးဂေါင်မွာလ်ကျေးရွာ စီမံကိန်းကော်မတီများနှင့် ကျေးရွာအိမ်ထောင်စုများအား ခရိုင်ကျေးရွာစီမံကိန်းကြီးကြပ်မှု ကော်မတီဝင်များ၊မြို့နယ်ကျေးရွာစီမံ ကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးဖြိုး ဝင်းသန်းနှင့်တာဝန်ရှိသူတို့က ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ်ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီဝင်များ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းဆောင်ရွက်မည့် အိမ်ထောင်စုများတက်ရောက်ကြသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက် မတည်ထောက်ပံ့ရန်ပုံငွေ ယနေ့အိမ်ထောင်စု (၁၁၇) စုအား ကျပ်သိန်းနှစ်ထောင်လွှဲပြောင်းပေးခဲ့ကြောင်း သက်ဆိုင်ရာဌာနများမှသိရသည်။
ဒိုင်းခန့်ဒိမ့် (ဦးစီးအရာရှိ)
မြို့နယ် (ပြန်/ဆက်)