လပွတ္တာ​မြို့၌ စားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့်​ ဆက်လက်ရောင်းချပေး

လပွတ္တာ ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၌ စားသောက်ကုန်များအား ပြင်ပပေါက်စျေးထက် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ယနေ့နံနက်ပိုင်းက အမှတ် ၄ ရပ်ကွက် ရာပြည့်စျေးတွင် ရောင်းချပေးခဲ့ကြသည်။

အဆိုပါစားသောက်ကုန် ရောင်းချပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများကအမဲသား ၁ ပိဿာ (၁၃၀၀၀) ကျပ်နှုန်း၊ ဝက်သား ၁ ပိဿာ (၁၃၀၀၀) ကျပ်နှုန်း၊ ကြက်သား၁ပိဿာ (၈၅၀၀)ကျပ်နှုန်း၊ ငါး ၁ ပိဿာ (၆၅၀၀) ကျပ်နှုန်း၊ ကြက်ဥ(၁)လုံးလျှင် ၂၃၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)