ဓနုဖြူမြို့နယ်တွင် ပြည်သူများအတွက် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာရောင်းချ

ဓနုဖြူ ဇွန် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြည်သူများအတွက် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာရောင်းချပေးခြင်းကို ယနေ့ ဇွန်လ ၂၇ ရက်နေ့ နံနက် ၇ နာရီခွဲ အချိန်မှစတင်၍ အမှတ်(၁၄)ရပ်ကွက်၊ ဆွမ်းလောင်းဓမ္မာရုံတွင် ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းကာ ဆန် () ပြည်လျှင် ၂၅၀၀ ကျပ်နှုန်း၊ ဆီ () ပိဿာလျှင် ၄၃၀၀ ကျပ်နှုန်း၊ ကြက်ဥ () လုံးလျှင် ၁၀၀၀ကျပ်နှုန်း၊ ငံပြာရည်တစ်ဘူးလျှင် ၈၀၀ကျပ်နှုန်း၊ အမဲသား () ပိဿာလျှင် ၁၄၀၀၀ ကျပ်နှုန်းနှင့် ဟင်းသီးဟင်းရွက် () စီးလျှင် ၁၀၀ကျပ်နှုန်းဖြင့် ပြည်သူများအားသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။ ထိုသို့ရောင်းချပေးခြင်းကို အပတ်စဉ် အင်္ဂါနေ့တိုင်း နံနက် ၇ နာရီခွဲအချိန်မှစတင်၍ အများပြည်သူဆိုင်ရာနေရာများတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)