ကျွန်းလှ ဇွန် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် ပြည်သူများ လူမှုဘဝနေ့စဉ်စားသောက်ရာတွင် တန်ဖိုးသင့်စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဝယ်ယူ စားသောက်နိုင်ရန်အတွက် ယနေ့နံနက် ၆ နာရီက ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာတွင် ဆန်တစ်ပြည်၊ ဆီတစ်ဆယ်သား၊ ကြက်ဥသုံးလုံးငွေကျပ် ၃၀၀၀၊ ကြက်ဥငါးလုံးငွေကျပ် ၁၀၀၀ နှုန်းဖြင့် ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ အိမ်ထောင်စု ၂၀၀ အားလက်ဝယ်အရောက် ရောင်းချပေးခဲ့သည်။
အဆိုပါ တန်ဖိုးသင့်စားသောက်ကုန်များ ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးဦးဆောင်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများက အပတ်စဉ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)