အမြို့မြို့အနယ်နယ်သတင်းများ

Jun 27,2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွေးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက် လျက်ရှိသည်။
Jun 27,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ လက်ပံကျေးရွာအုပ်စု၊ ဆံထုံးကျေးရွာတွင် မိုးတွင်းကာလ သွားလာရ လွယ်ကူစေရေးအတွက် ကိုယ်ထူကိုယ်ထ စုပေါင်းတည်ဆောက်ခဲ့သည့် ရွာလယ်ချောင်းတံတားဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ တံတားတည်ရှိရာ ရွာလယ်ချောင်း၌ ကျင်းပခဲ့သည်။
Jun 27,2023
မကွေးတိုင်းဒေသကြီး စလင်းမြို့ စျေးမရပ်ကွက် မြို့မစည်ပင်သာယာစျေးကြီးတွင် ရောင်းချလျက်ရှိသည့် အသားငါးတန်းများကုန်စုံဆိုင်များနှင့် စျေးရောင်းစျေးဝယ်လာသူများအား မကွေးတိုင်း စည်ပင်သာယာရေးအဖွဲ့၏ စီမံချက်ဖြင့် အပတ်စဥ်ဆောင်ရွက်သွားမည့် ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်မသုံးစွဲရေးနေ့အဖြစ် သတ်မှတ်၍ စလင်းမြို့စည်ပင်သာယာရေးအဖွဲ့မှ ယမန်နေ့နံနက် ၈ နာရီ ၃၀ အချိန်က အသိပညာပေးပြောကြား၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။
Jun 27,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ မိုးရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းနှင့်  မြို့ပေါ်/ရပ်ကွက်များသို့  အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jun 27,2023
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် အသက် (၁၂)အောက်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ကာကွယ်ဆေး စတုတ္ထနှင့် ပထမအကြိမ် ထိုးနှံ ပေးမှုကို ယမန်နေ့ညနေပိုင်းက မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးခဲ့သည်။
Jun 27,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာပညာရေးဒီဂရီကောလိပ်ကျောင်းဝင်းအတွင်း မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲကို ယနေ့နံနက် (၈)နာရီအချိန်က စိုက်ပျိုးခဲ့ကြသည်။
Jun 27,2023
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ ပညာတံခွန်ကိုယ်ပိုင်အထက်တန်းကျောင်းတွင်  လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့၊ ညနေ(၄)နာရီက အဆိုပါကျောင်းခန်း ဆောင်၌ ပြုလုပ်ကျင်းပခဲ့သည်။