စလင်းမြို့နယ် စည်ပင်သာယာမြို့မစျေးကြီးတွင် ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ်မသုံးစွဲရေးနေ့ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

စလင်း ဇွန် ၂၆

မကွေးတိုင်းဒေသကြီး စလင်းမြို့ စျေးမရပ်ကွက် မြို့မစည်ပင်သာယာစျေးကြီးတွင် ရောင်းချလျက်ရှိသည့် အသားငါးတန်းများကုန်စုံဆိုင်များနှင့် စျေးရောင်းစျေးဝယ်လာသူများအား မကွေးတိုင်း စည်ပင်သာယာရေးအဖွဲ့၏ စီမံချက်ဖြင့် အပတ်စဥ်ဆောင်ရွက်သွားမည့် ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်မသုံးစွဲရေးနေ့အဖြစ် သတ်မှတ်၍ စလင်းမြို့စည်ပင်သာယာရေးအဖွဲ့မှ ယမန်နေ့နံနက် ၈ နာရီ ၃၀ အချိန်က အသိပညာပေးပြောကြား၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်မြတ်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေး၊ ဒုဦးစီးမှူး ဦးနန်းဦးမောင်နှင့် စည်ပင်သာယာစျေးတာဝန်ခံ ဦးညီညီစန်းနှင့် ဝန်ထမ်းများ မြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကြည်လင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းပူးပေါင်းအဖွဲ့က စည်ပင်သာယာစျေးကြီး အတွင်းအပြင်ရောင်းချလျက်ရှိသည့် အသားတန်းနှင့် ကုန်စုံဆိုင်များအား သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် မြို့နယ်တစ်ခွင်သန့်ရှင်းသာယာလှပစေရန်နှင့် ကျန်းမာရေးထိခိုက်မှု ဆိုးကျိုးများကြောင့် ပလတ်စတစ်အိတ်၊ကြွပ်ကြွပ်အိတ်များ အလွန်အကျွံသုံးစွဲခြင်းနှင့် စည်းကမ်းမဲ့စွန့်ပစ်မှုများကြောင့် ဇီဝမျိုးစုံမျိုးကွဲနှင့် အဏ္ဏဝါဂေဟစနစ် ထိခိုက်မှုဆိုင်ရာများ ဖြစ်ပေါ်စေနိုင်မှုများကို လျှော့ချသွားနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ကာကွယ် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အသိပညာပေးဟောပြောဆွေးနွေး၍ အသားငါးများ ထုပ်ပိုးရောင်းချရာတွင် ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ်အစား မိမိတို့ဒေသထွက်ကုန်ဖြစ်သည့်ကြာဖက်များကိုအသုံးပြု၍ ထုပ်ပိုးရောင်းချရန်နှင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုများဖြင့် မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဥ်နှင့် ရည်မှန်းချက်များ ချမှတ်ကာပလတ်စတစ် စွန့်ပစ်ပစ္စည်းများကို အဓိကဦးစားပေး ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ညပြည်သူများက ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရေးသက်ဆိုင်ရာဦးစီးဌာနများမှ အဏ္ဏဝါအမှိုက်သရိုက် လျှော့ချရေးအတွက် တစ်ခါသုံးပလတ်စတစ်အသုံးပြုခြင်းကို လျှော့ချနိုင်အောင် အသိပညာပေး၊ ပလတ်စတစ်အစားထိုးပစ္စည်းများ သုံးစွဲရေး ပညာပေးစည်းရုံးဆောင်ရွက်ခြင်းများဖြင့် အပတ်စဥ်နေ့အလိုက် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် ပလတ်စတစ်မသုံးစွဲရေးနေ့အဖြစ်သတ်မှတ်ကာ ကြာဖက်များဖြင့် ထုပ်ပိုးရောင်းချစေခြင်း၊ အသိပညာပေးကာ စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ မေတ္တာရပ်ခံပန်ကြားချက် လက်ကမ်းစာစောင်များတွင် ပါရှိသည့် မြို့ပြဆိုင်ရာအချက်အလက်၊ နေ့စဥ်အမှိုက်သိမ်းဆောင်ရွက်သည့် နည်းစနစ်၊ ယာဥ်/ စက်ယန္တရားအခြေအနေ၊ အမှိုက်သိမ်းဆောင်ရွက်မှု၊ အမှိုက်စွန့်ပစ်နေရာ၊ အမှိုက်အမျိုးအစား၊ စနစ်တကျစွန့်ပစ်ခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အထောက်အကူပြုသည့် နည်းလမ်း(၅)မျိုး၊ စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်အပေါ်ထိခိုက်မှုများ၊ ပလတ်စတစ်ညစ်ညမ်းမှုများ၏ ဆိုးကျိုးများ၊ လူသားတို့၏ ကျန်းမာရေးအပေါ်ထိခိုက်နိုင်မှုများ ပလတ်စတစ်ဆိုးကျိုးများ၊ လူသားတို့၏ကျန်းမာရေးအပေါ် ထိခိုက်မှုများပါဝင်သည့် လက်ကမ်းစာစောင်များကို အသိပညာပေးဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

မောင်လွင်(စလင်း)