လိပ်သို ဇွန် ၂၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ မိုးရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့ပေါ်/ရပ်ကွက်များသို့ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရေလှောင်ကန်များ၊ ရေပုံးများ၊ ရေမြောင်းများ၊ ရေပီပါများ၊ ဘုရားပန်းအိုးများ၊ မိုးရေဝင်နိုင်သည့် အိုးခြမ်းပဲ့များ၊ တာယာကွင်းများ၊ ပတ်ဝန်းကျင်ရှိ အမှိုက်များ စသည့် ခြင်ပေါက်ဖွားနိုင်သည့်နေရာများကို ပိုးလောက်ခန်းသေစေနိုင်သည့် အဘိတ်(Abate) ဆေးခတ်ခြင်းများနှင့် အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသည့် ဌာနဆိုင်ရာ အဆောက်အဦများ၊ ဘာသာရေးအဆောက်အဦများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ ရပ်ကွက် များသို့လည်း ဆက်လက်၍ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)