မိုင်းယုမြို့၌ အသက်(၁၂)အောက်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးစတုတ္ထနှင့် ပထမအကြိမ်ထိုးနှံ

မိုင်းယု ဇွန် ၂

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် အသက် (၁၂)အောက်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ကာကွယ်ဆေး စတုတ္ထနှင့် ပထမအကြိမ် ထိုးနှံ ပေးမှုကို ယမန်နေ့ညနေပိုင်းက မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးမှုအခြေအနေအား မိုင်းယုမြို့ခေတ္တအုပ်ချုပ်ရေးမှူး ဦးရှိုင်းပိုင်မှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းဆရာ/ ဆရာမများနှင့် ကျေးလက် ကျန်းမာရေးဆရာမများက (၁၂)အထက်စတုတ္ထအကြိမ်ထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူ အ..က(မိုင်းယု) ကျောင်းမှ ၈၅ ဦး၊ အသက် ၁၂နှစ်အောက် ကျောင်းသားကျောင်းသူ ၅၈ ဦးနှင့် ..က(ခွဲ) ဆမ်မိန်းကျောင်းမှ စတုတ္ထအကြိမ်ထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူ ၁ဦး၊ ပထမအကြိမ်ထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူ ၁၄ ဦးနှင့် ဆရာ/ဆရာမ ဦးတို့ကိုလည်းကောင်း ထိုးနှံပေးခဲ့ကြသည်။

..က(မိုင်းယု) ကျောင်းနှင့် ..က(ခွဲ) ဆမ်မိန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ များနှင့် ဆရာ/ဆရာမတို့စုစုပေါင်း ၁၈၀ ဦးတို့ကို ထိုးနှံပေးခဲ့ကြပြီး လိုအပ်သည့် ကျန်းမာရေး အခြေအနေ စောင့်ကြည့်မှုများကိုလည်း ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုကိုနိုင်