Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဒေးဒရဲမြို့၌ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံ
Jun 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကင်းစင်၍ ပညာသင် အခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်မှုဖြင့် KG တန်း ကလေးငယ်များနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ ထိုးနှံဖူးခြင်း မရှိသေးသော ကျောင်းသား၊ ကျောင်းသူများအား (Sinophren) ကာကွယ်ဆေးများကို ယနေ့နံနက် (၁၀)နာရီက စတင်၍ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများတွင် ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကုတ်မြို့နယ်တွင် အီလက်ထရောနစ် မှတ်ပုံတင်ဦးစီးဌာနမှ Biographic နှင့် Biometric အချက်အလက်များ ကောက်ယူပြီး Unique ID (UID) ထုတ်ပေးခြင်း လုပ်ငန်းများ စတင်ဆော…
Jun 28,2023
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် မြို့မရပ်ကွက် မိုးလုံလေလုံ အားကစားခန်းမတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာ နက e - ID စနစ်ဖြင့် နိုင်ငံအတွင်း နေထိုင်သူ တစ်ဦးချင်းစီ၏ Biographicနှင့် Biometric အချက်အလက်များ ကောက်ယူပြီး Database အတွင်း ထိန်းသိမ်းကာ ဂဏန်း (၁၀) လုံး ပါဝင်သော Unique ID (UID) နံပါတ်ပါ ကတ်ပြားများ ထုတ်ပေးခြင်းကို ဇွန်လ (၂၇)ရက်နေ့မှ စတင်၍ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသူများအား ဂုဏ်ပြ…
Jun 28,2023
(၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ထူးချွန်ဆုရရှိကြသူများနှင့် အထူးဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် မြစ်ကြီးနားမြို့၌ တိုင်းရင်းသားလူငယ်များ သက်မွေးပညာ လုပ်ငန်းများဖြင့် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး အခြေခံမုန့်လုပ်နည်…
Jun 28,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ အနေဖြင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူငယ်/ မောင် မယ်များ သက်မွေးပညာများ တတ်မြောက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေကာ မိသားစု ဝင်ငွေတိုးပွားရေးအတွက် ပြည်နယ်ရန်ပုံငွေဖြင့် ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေများ ခွဲဝေချထားပေးပြီး သက်မွေးပညာသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အခြေခံမုန့်လုပ်နည်းသင်တန်းကို ဖွင့်လှစ်ပေး ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ လူရည်ချွန် (၃)ဦးအား ဂုဏ်ပြုပွဲကျင်းပ
Jun 28,2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် လူရည်ချွန် (၃)ဦးပေါ်ထွန်းလာခဲ့ပြီး ယမန်နေ့နံနက်(၉)နာရီ အချိန်တွင် ဘိုကလေးမြို့နယ်တွင်းသို့ ၎င်းလူရည်ချွန်များအနေဖြင့် မော်တော်ယာဉ်များဖြင့် လှည့်လည်ဂုဏ်ပြုခံကြပြီး ဂုဏ်ပြုပွဲအခမ်းအနားအား ဘိုကလေးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီ၌ ကျင်းပ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Jun 28,2023
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်တွင် အခြေခံစားသောက်ကုန်များနှင့် အသားငါးများကို လှည့်လည် စျေးကားများဖြင့် စျေးနှုန်းသက်သာစွာ ရောင်းချပေး
Jun 28,2023
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၊ ဥယျာဉ်မြောက်ရပ်ကွက်၊ ဟင်္သာရုပ်အဝိုင်းတွင် ဟင်္သာတခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက် ၉ နာရီက အခြေခံ စားသောက်ကုန်များနှင့် အသားငါးများကို ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများနှင့် ပြည်သူများအား စျေးနှုန်းသက်သာစွာ လှည့်လည်စျေးကားများဖြင့် ရောင်းချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ်တွင် ဝန်ထမ်းများအား Biographc Data နှင့် Biometric Data ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်
Jun 28,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဝန်ထမ်းများအား အီလက်ထရောနစ်စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ (Biographic Data) နှင့် ဇီဝအချက်အလက်များ( Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို၊ ဇွန်လ(၂၇)ရက်နေ့မှ နံနက်(၁၀)နာရီမှ စတင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
10621
Page
10622
Page
10623
Page
10624
Current page
10625
Page
10626
Page
10627
Page
10628
Page
10629
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department