ပန်းတနော် ဇွန် ၂၈
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အခြေခံစားသောက်ကုန်ပစ္စည်းများ ရောင်းချပေးရာတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ် ဆန်စက်လုပ်ငန်းရှင်များ ပူးပေါင်း၍ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်(၁) ပြည်လျှင် ၂၅၀၀ကျပ်၊ ဆီ (၂၅)ကျပ်သားလျှင် ၁၁၀၀ ကျပ်၊ အမဲသား(၂၅)ကျပ်သားလျှင် ၃၀၀၀ကျပ်၊ ဝက်သား (၂၅)ကျပ်သားလျှင် ၃၀၀၀ ကျပ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အသားငါးနှင့် ဟင်းသီး ဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများလက်ဝယ်သို့ အပတ်စဉ်အင်္ဂါနေ့တိုင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)