အမြို့မြို့အနယ်နယ်သတင်းများ

Jun 27,2023
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် သမဝါယမဦးစီးဌာနဝန်ထမ်းများနှင့် သမဝါယမအသင်းစုလီမိတက် အမှုဆောင်အဖွဲ့များ ပူးပေါင်း၍ (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာန၊ ရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်သည်။
Jun 27,2023
ပေါက်တောမြို့ရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ် အထက် KG သား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက အ.ထ.က(ပေါက်တော)တွင်စုရပ်ထားပြီး စတင်ထိုးနှံပေးလျက်ရှိသည်။
Jun 27,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် လူနေအိမ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်စေရေးအတွက် အဘိတ်ဆေး ခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြသည်။
Jun 27,2023
ခြင်မှတဆင့်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းဖြစ်သည့် ခြင်နှိမ်နှင်းရေးလုပ်ငန်း၊ ခြင်ဆေးခတ်ခြင်းလုပ်ငန်းနှင့် ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများကို ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ/ရပ်ကွက်များအတွင်း ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများကို ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အမှတ်(၅)အရန်မီးသတ်များက ယနေ့ နံနက် ၁၀ နာရီ အချိန်က သူဌေးကန်ကျေးရွာ၌ ခြင်းဆေးဖြန်းခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre – Lashio)တွင် ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်သည်။
Jun 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ မိုးစပါးစံပြကွက်စိုက်မည့်တောင်သူများအား မျိုးစေ့၊ မြေဩဇာနှင့်ပိုးသတ်ဆေးများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီတွင် အမှတ်(၂၁)ရပ်ကွက်(လိန်ကုန်း)ဝေနေယျသုခပရဟိတအသင်းရုံး၌ ကျင်းပကြောင်း သိရသည်။
Jun 27,2023
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Cemtre)ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန် မြင့်မားစေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများနှင့် သုခုမရင်ပြင် စာပေစေတမန်မှ စာရေးဆရာများရေးသားသည့် “နှလုံးသားထဲကခင်မကန်”နှင့် သုခုမအလင်္ကာ ကဗျာ၊ ဆောင်းပါး၊ဝတ္ထုတိုများစာအုပ် စာအုပ်မိတ်ဆက်ပွဲနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပြုလုပ်ခဲ့သည်။