မြဝတီ ဇွန် ၁၂
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဇွန်လ (၁၅)ရက်နေ့ တွင်ကျရောက်မည့် (၃၁)နှစ်မြောက် ဌာနနှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြဝတီခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်း(၁၃)ဦးက ယနေ့နံနက် ၉ နာရီခွဲက ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။
ထိုသို့ သွေးလှူဒါန်းခဲ့ကြသည့် ခရိုင်/မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်း (၁၃)ဦးအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး မိုးကျော်ဟိန်း၊ ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်း၊ မြို့နယ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးတင်အောင်ဝင်း၊မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ မျိုးသန့်ဇင်နှင့် တာဝန်ရှိသူတို့က အားပေးကြည့်ရှုကာ ထောက်ပံ့ငွေနှင့်ကြက်ဥ၊ နွားနို့၊ Brandsကြက်ပေါင်းရည် စသည့်အဟာရများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)