ပန်းတောင်း ဖေဖော်ဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံး ဆေးအရောင်းဆိုင်များအား ဥပဒေ၊ နည်းဥပဒေညွှန်ကြားချက်များနှင့်အညီ ကန့်သတ်ထားသော စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ ရောင်းချခြင်းရှိ/မရှိ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့်စိုက်ကြပ်အဖွဲ့ဝင်တို့မှ ယမန်နေ့ကကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ထိန်းချုပ်ကန့်သတ်ထားသော စိုက်ပျိုးရေးသုံးဆေးများ ရောင်းချမှုမရှိစေရေးနှင့် ကုန်ညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိရေး၊ နိုင်ငံတော်မှ ကန့်သတ်ထုတ်ပြန်ထားသော စိုက်ပျိုးရေးဆေးများနှင့်ပတ်သက်၍ ပူးပေါင်းပါဝင်လိုက်နာဆောင်ရွက်ရေးတို့ကို အသိပေးဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)