လားရှိုးမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လားရှိုးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ကြက်တောင်အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

လားရှိုး ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လားရှိုးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ကြက်တောင်အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ တက္ကသိုလ်ရှိ အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ လားရှိုးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဆရာကြီး ဒေါက်တာဌေးလွင်မှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လားရှိုးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ကြက်တောင်အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့‌နောက် ဒုတိယပါမောက္ခချုပ် ဆရာကြီးနှင့် တာဝန်ရှိသူများက လားရှိုးခရိုင် ကြက်တောင်အားကစားဒိုင်အဖွဲ့အား အမှတ်တရပစ္စည်းများအားလည်းကောင်း၊ အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်း၊ နှစ်ဦးတွဲ ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း ထူးချွန်ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့သည်။

အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လားရှိုးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ကြက်တောင်အားကစားပြိုင်ပွဲအား ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း လားရှိုးတက္ကသိုလ်မှ သိရသည်။

လူမော် (ပြန်/ဆက်)