ကွန်ပျူတာတက္ကသိုလ်(ပြည်)၌ မီးဘေးအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်မှု ဆောင်ရွက်

ပြည် ဖေဖော်ဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ကွန်ပျူတာတက္ကသိုလ်(ပြည်)၌ မီးဘေးအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်မှုကို ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ရာ အဆိုပါကျောင်းမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်လင်းစိုးက မီးဘေးလုံခြုံရေး အသိပညာပေးဆွေးနွေးဟောပြောပြီး မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူး စနစ်တကျ ကိုင်တွယ်အသုံးပြုနည်းအပါအဝင် မီးသတ်ဆေးဘူး၊ ရေစိုအဝတ်နှင့် မီးသတ်ပိုက်တို့ဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်းများကို သရုပ်ပြလေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)