သဲကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၉၂၅) ဦး ဝင်ရောက်ဖြေဆိုမည်

သဲကုန်း မတ် ၂

၂၀၂၆ ခုနှစ်၊ မတ်လ(၁၁)ရက်နေ့မှ မတ်လ(၁၇)ရက်နေ့အထိ တက္ကသိုလ်စာမေးပွဲ ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ပဲခူးတိုင်းဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌  ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ (၉၂၅)ဦး စာမေးပွဲဖြေဆိုခွင့်လျှောက်ထားကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် စာစစ်ဌာန (၄)ခုထားရှိပြီး အ.ထ.က (သဲကုန်း) စာစစ်ဌာနတွင် (၂၉၉)ဦး၊ အ.ထ.က (ပုတီးကုန်း) စာစစ်ဌာနတွင်(၁၇၀)ဦး၊ အ.ထ.က (ဆင်မြီးဆွဲ)စာစစ်ဌာနတွင် (၁၅၃)ဦး၊ အ.ထ.က(အင်းမ)စာစစ်ဌာနတွင်(၃၀၃)ဦး  စာရင်းပေးသွင်းထားသူ အတွင်းဖြေ/ပြင်ပဖြေ STEAMS-1 တွင် (၂၇၂)ဦး၊ STEAMS-2 တွင်(၆၅၁)ဦး၊ STEAMS တွင်(၂) ဦး(အတွင်းဖြေ-၆၆၇ဦး၊ ပြင်ပဖြေ-၂၅၈ဦး) စုစုပေါင်း (၉၂၅)ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ပြီး၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်ထားကြသော ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Indentity Card) များကို ဖေဖော်ဝါရီလ (၂၃)ရက်နေ့မှစ၍ သက်ဆိုင်ရာစာစစ်ဌာနများ၌ စတင်ထုတ်ပေးလျက်ရှိသည်။ ထို့အပြင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာစာစစ်ဌာနများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း  မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေး၊ စာမေးပွဲအခန်းတွင်းသန့်ရှင်းမှုရှိစေရေး၊ မီးသတ်ဆေးဘူးထားရှိမှု အခြေအနေ၊ ကျောင်းတွင်း၊ ကျောင်းပြင်၌ မီးဘေးအန္တရာယ်လုံခြုံမှုရှိစေရေးနှင့် စိတ်အေးချမ်းစွာ စာမေးပွဲ ဖြေဆိုနိုင်စေရန်အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ထားရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကိုကျော် (သဲကုန်း)