ပဲခူးတိုင်းဒေသကြီးအတွင်းမှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း 

ပဲခူး မတ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ မတ်  ရက် မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ခြင်း အခမ်းအနား ကျင်းပသည်။

 အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများက ကြွရောက်လာသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဆရာတော်၊ ပဲခူးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်များနှင့် သီလရှင်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ရွှေတံဆိပ်များဆုရှင် အဆိုတော် မထက်ထက်မော်ကထူးမခြားနားသီချင်းခံသုံးပိုဒ်ဖြင့် သီဆိုပူဇော်ကာ အခမ်းအနားမှူးက အခမ်းအနားဖွင့် စာတမ်းအား ဖတ်ကြားလျှောက်ထား၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ ကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်အပေါင်းက ပဲခူးမြို့၊ ဥဿာသီရိစာသင်တိုက် ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တသူရိယ ထေရ်အရှင်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ပြည်မြို့ဆံတော်ရပ်ကွက်၊ ဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက်၊ စာချနာယကဆရာတော် ဘဒ္ဒန္တစန္ဒောဘာသ အရှင်သူမြတ်က သမ္မောဒနီယ ကထာမြွက်ကြားချီးမြှင့်တော်မူသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူတို့က ဘွဲ့တံဆိပ်တော်များ အသီးသီးဆက်ကပ်လှူဒါန်းချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဣန္ဒာစရာလင်္ကာဘိဝံသအရှင်မြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်အပေါင်းက အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကာ ကြွရောက်လာကြသည့် ဆရာတော်များနှင့် သီလရှင်ဆရာကြီးတို့အား ဆွမ်းဆန်တော်များနှင့်လှူဖွယ်ဝတ္တုပစ္စည်းများ လောင်းလှူခဲ့ကြသည်။        

ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရရှိမှုမှာ မဟာဂန္ထဝါစကပဏ္ဍိတ()ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇ(၁၂)ပါး၊ ဂန္ထဝါစကပဏ္ဍိတ()ပါး၊ သဒ္ဓမ္မဇောတိကဓဇ()ပါး၊ ကမ္မဌာနာစရိယ()ပါး၊ သီဟသူဓမ္မသိင်္ဂီ()ဦး စုစုပေါင်း ရဟန်း/သံဃာ (၃၆)ပါး၊ သီလရှင်()ပါးနှင့် လူပုဂ္ဂိုလ်()ဦးတို့ ရရှိကြကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)