ရမည်းသင်းမြို့နယ်၊ ရမည်းသင်းအကျဥ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ (၁၄၂)ဦး လွတ်ငြိမ်းခွင့်ပေး

ရမည်းသင်း  မတ် ၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတသည် ၁၃၈၇ ခုနှစ် တပေါင်းလပြည့်နေ့အခါသမယနှင့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် ထုတ်ပြန်သည့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အရ ရမည်းသင်းအကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ (၁၄၂)ဦး လွှတ်ပေးသည့် အခမ်းအနားကို အကျဉ်းထောင် ရိပ်သာ၌ ယနေ့ နံနက် ၁၀ နာရီက  ကျင်းပခဲ့သည်။

ရှေးဦးစွာ အကျဉ်းထောင်တာဝန်ခံအရာရှိ ဦးစိုးသီဟက လွတ်ငြိမ်းသက်သာခွင့်ရရှိသည့်အကျဉ်းသား/အကျဉ်းသူများအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မ ခွဲ(၁)အရ  ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များအပေါ် လျော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းဖြစ်သည်ဟူသော စည်းကမ်းသတ်မှတ်ချက်အရ လွှတ်ပေးခြင်းဖြစ်ကြောင်းနှင့် ဆုံးမစကားများပြောကြားပြီး ထောင်လွတ်လက်မှတ်နှင့်အတူ စားစရိတ်၊ ခရီးစရိတ်များ ပေးအပ်ခဲ့ပြီး အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသူ (၁၄၂)ဦး လွတ်ငြိမ်းခွင့်ရရှိကြောင်းသိရသည်။

ခရိုင်(ပြန်/ ဆက်)