မြိတ်မြို့၌ အပြည်ပြည်ဆိုင်ရာငါးလေလံဈေးနှင့် ငါးလုပ်ငန်းနှင့်ဆက်စပ်အဆောက်အဦများ တည်ဆောက်ရေးစီမံကိန်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း  

ထားဝယ်     မတ် ၄

တနင်္သာရီတိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာငါးလေလံဈေးနှင့် ငါးလုပ်ငန်းနှင့်ဆက်စပ်အဆောက်အဦများ တည်ဆောက်၍ ထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းစီမံကိန်းနှင့်ပတ်သက်၍လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။

အစည်းအဝေးတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ မြိတ်မြို့သို့ရောက်ရှိစဉ်အပြည်ပြည်ဆိုင်ရာငါးလေလံဈေးငါးလုပ်ငန်းနှင့်ဆက်စပ်အဆောက်အဦများတည်ဆောက်၍ ထုတ်လုပ်ရေး လုပ်ငန်းများဆောင်ရွက်ရေး စီမံကိန်းနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားပြီးမြိတ်မြို့တွင် လုပ်ကိုင်ဆောင်ရွက်မည့် နိုင်ငံတကာအဆင့်မီငါးလေလံဈေး၊စက်မှုဇုန်စီမံကိန်းအတွက်ကို ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ ငါးလေလံဈေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးအနေဖြင့် လုပ်ကိုင်ဆောင်ရွက်သည့် အခါတွင်ပြည်တွင်းသာမကပြည်ပနိုင်ငံမှာရှိသော လုပ်ကိုင်ဆောင်ရွက်နေသူများ၏ စိန်ခေါ်မှုအခက်အခဲများကို ကျော်လွှားခဲ့ရကြောင်း၊အထူးစီးပွားဇုန်ရေနက်ဆိပ်ကမ်းတွင်လည်း အလားတူပင်ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာငါးလေလံဈေးဖြစ်ထွန်း အောင်မြင်လာစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြိုးစားလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ ငါးလေလံဈေးအား နိုင်ငံခြားသားများဝင်ရောက်ကြည့်ရှုလေ့လာမည်ဖြစ်ပြီးငါး၊ ပုစွန်များဝယ်ယူမည်ဖြစ်သောကြောင့် ဈေးကောင်းရနိုင်ကြောင်း၊ ငါးလေလံဈေးကိုအမြန်ဆုံးအကောင်ထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်ကို ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာငါးလေလံဈေးနှင့် ငါးလုပ်ငန်းနှင့်ဆက်စပ် အဆောက်အဦများ တည်ဆောက်၍ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရေးစီမံကိန်း Swiss Chanllenge တင်ဒါနှင့်ပတ်သက်၍ စနစ်တကျဖြစ်အောင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ရေရှည်လုပ်ကိုင်ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်သောကြောင့် မှားယွင်းမှုမရှိစေရေး၊ လစ်ဟာမှုမရှိစေရေး၊စည်ကမ်းတကျရှိစေရေး လုပ်ကိုင်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့်ငါးလုပ်ငန်းနှင့်ဆက်စပ်အဆောက်အဦများ တည်ဆောက်၍ ထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်ရေး စီမံကိန်းနှင့် ပတ်သက်၍ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန်လိုအပ်ကြောင်း၊ ငါးလေလံဈေးသည် တိုင်းဒေသကြီးအတွက်သာမက နိုင်ငံတော်အတွက်ပါတန်ဖိုးရှိသောလုပ်ငန်းဖြစ်ကြောင်း၊ ရေထွက်ကုန်များကို ပြည်ပနိုင်ငံသို့ တင်ပို့နိုင်ပြီး နောင်တစ်ချိန်တွင်စက်မှုဇုန်ဖြစ်ထွန်းလာပါက စက်မှုဇုန်အတွင်း မှာရှိသောစားသုံသူများအတွက်ပါ အထောက်အကူပြုလာမည်ဖြစ်ကြောင်း၊ ထိုနည်းတူ မြိတ်မြို့တွင် ရေချိုရှားပါးသောကြောင့် ရေချိုရရှိရေးအတွက်လည်းအရေးကြီးကြောင်း၊ ရေချိုရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းများသည်အားလုံး ဆက်စပ်နေသောကြောင့်လုပ်ငန်းများအောင်မြင်အောင်ကြိုးစားလုပ်ကိုင်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးသိန်းဇော်မြင့်က အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် ငါးလုပ်ငန်းနှင့်ဆက်စပ်အဆောက်အဦများ တည်ဆောက်၍ ထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်ရေး စီမံကိန်းနှင့်ပတ်သက်၍ကော်မတီများဖွဲ့စည်းထားရှိပြီး ဖြစ်ကြောင်းပြောကြားပြီး တက်ရောက်လာကြသူများက အပြည်ပြည်ဆိုင်ရာငါးလေလံဈေးနှင့် ငါးလုပ်ငန်းနှင့်ဆက်စပ်အဆောက်အဦများ တည်ဆောက်၍ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရေးစီမံကိန်း Swiss Chanllenge တင်ဒါနှင့်ပတ်သက်၍ဆောင်ရွက်ထားရှိမှုအခြေအနေများအား ဆွေးနွေးတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်၊

တိုင်းဒေသကြီး(ပြန်/ဆက်)