သာယာဝတီ မတ် ၄
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါ၍ မွန်းလွဲပိုင်းက သာယာဝတီမြို့နယ် ဆရာစံခန်းမပြုပြင်နေမှုများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးကြည့်ရှုစစ်ဆေးခဲ့ရာတွင် သာယာဝတီခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေးမှ ပြုပြင်နေမှုအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်က လျှပ်စစ်သွယ်တန်းထားရှိမှုမျာနှင့် မီးဘေးလုံခြုံရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)