ရေဖြူ မတ် ၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့တွင် မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးပေးခြင်းကို လစဉ်လဆန်းပိုင်းတွင် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်က မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးမိခင်များကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူများက ကျန်းမာရေးဆိုင်ရာသတိပြုနေထိုင်ရမည့် ဆောင်ရန်ရှောင်ရန်များနှင့် ပတ်သက်သည်များကို အသိပညာပေးပြောကြားပြီး ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ မွေးကင်းစမှအသက်(၂)နှစ်အထိ ကလေးများ အား BCGဦးနှောက်အမြှေးရောင်တီဘီ၊ လူးစေ့တီဘီရောဂါကာကွယ်ဆေး၊ OPV ပိုလီယို ရောဂါကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်အမြှေးရောင် ရောဂါကာကွယ်ဆေး၊ (ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ ဦးနှောက်အမြှေးရောင် ရောဂါ၊ အသည်းရောင် အသားဝါ(ဘီ)စသည့်(၅)မျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်ဂျိုက်သိုး ရောဂါကာကွယ်ဆေး၊ ဝမ်းပျက် ဝမ်းလျောရောဂါကာကွယ်ဆေးစသည့် အသက်အရွယ်အလိုက် သတ်မှတ်ထားသည့် ကာကွယ်ဆေးများကို လစဉ်ပုံမှန်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)