ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းဆင်းပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်တက်ရောက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က ပုလဲရွှေရည်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(မကွေးဇုန်) ဒုတိယဥက္ကဋ္ဌ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဗန်းမော်မြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ သတင်းတု/သတင်းမှားများ ခွဲခြားသိမြင်နိုင်ရေး အသိပညာပေးဟောပြော

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ဗန်းမော်)တွင် ပညာသင်ကြားနေသည့် သင်တန်းသူများအား သတင်းတုသတင်းမှားများ ခွဲခြားသိမြင်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၁၇ ရက်နံနက် ၁၀ နာရီက ကချင်ပြည်နယ်၊ ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးဧက(၄၃၅၆၇)ဧက စိုက်ပျိုးပြီး

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့နယ်အတွင်း ဆန်စပါး  ဖူလုံပိုလျှံ‌ရေးမိုးစပါး ပျိုးထောင်စိုက်ဧက(၃၀၂၅၁)ဧက၊ တိုက်ရိုက်စိုက်ဧက(၁၃၃၁၆)ဧက၊ စုစုပေါင်းမိုးစပါးစိုက်ဧက( ၄၃၅၆၇) ဧက   စိုက်ပျိုးပြီးစီးကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင်ကျင်းပသည့် တိုင်းရင်းသားဘာသာစကားသင် ဆရာ/မများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ ဖွင့်ပွဲသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ဩဂုတ်(၁၄)ရက်နေ့မှစတင်၍ တိုင်းရင်းသားဘာသာစကားသင် ဆရာ/မများ အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၂/၂၃) စတင်ဖွင့်လှစ်ခဲ့ပြီး

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ပြည်နယ်အဆင့်အထိမ်းအမှတ် အခမ်းအနားနှင့် ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ တက်ရောက်

“ကျန်းမာပျော်ရွှင်ပညာသင်၊ စွမ်းရည်ထက်မြက် အနာဂတ်အတွက်” ဆောင်ပုဒ်ဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်အတွင်း မြို့နယ်ပေါင်းစုံ လက်ဝှေ့လူရွေးချယ်ပြိုင်ပွဲတွင် ရွှေတံဆိပ်၊ ကြေးတံဆိပ်ရရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်

မဟာအောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ၂၀၂၃ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ လက်ဝှေ့လူရွေးချယ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၁၀)ခု၊ ကြေးတံဆိပ်(၂)ခုဖြင့် စုပေါင်းတံခွန်စိုက်ဆုရရှိသူ အားကစားသမားများအား ယမန်နေ့နံနက်ပိုင်းက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့၌ PSDP အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ၂၀၂၃ ခုနှစ် PSDP အရ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား အလွတ်တန်း အမျိုးသား ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဩဂုတ်လ ၁၆ ရက် ညနေ ၃ နာရီက မင်းဘူးမြို့ ခရိုင်အားကစားကွင်း မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့နယ်တွင် မိုးစပါးတစ်ဧက(၁၀) တင်းနှုန်းပိုမိုထွက်ရှိရေး၊ စိုက်ပျိုးရေးနည်းစနစ်လိုက်ပါ‌ ဆောင်ရွက်သောတောင်သူများအား (MPE)ယူရီးယာဓာတ်မြေဩဇာ (ပထမအကြိမ်) ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးအစည်းဝေးခန်းမ၌ ယမန်နေ့နေ့လယ်ပိုင်းက ၂၀၂၃ - ခုနှစ် မိုးစပါးတစ်ဧက(၁၀) တင်းနှုန်း ပိုမိုထွက်ရှိရေး၊ စိုက်ပျိုးရေးနည်းစနစ်လိုက်ပါဆောင်ရွက်သော တောင်သူများအား (MPE) ယူရီးယားမြေသြဇာ (ပထမအကြိမ်) ထောက်ပံ့ပေးအပ်ပွဲ ပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများကို မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ၃၂၄၄၅၀၀၀၀၀ ကျပ် ထုတ်ချေးပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၃ - ၂၀၂၄ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ အဆင်ပြေစွာစိုက်ပျိုးနိုင်ရေးအတွက် စဉ်ဆက်မပြတ် ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၁၇ ရက်နေ့အထိ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း ၃၂၄၄၅၀၀၀၀၀ ကျပ် ထုတ်ချေးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

ပြည်နယ်အဆင့် မိုးရာသီ(တတိယအကြိမ်)စုပေါင်းသစ်ပင်စိုက်ပျိုး၊ ဆင်းသုခမျိုးစပါးစံပြစိုက်ခင်း (၅)ဧကအား ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြ၊ တောင်သူများအား သဘာဝမြေဩဇာနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များထောက်ပံ့

သယံဇာတနှင့်ပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ် ပြည်နယ်အဆင့် မိုးရာသီ(တတိယအကြိမ်) စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၈ နာရီခန့်က ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေးရှိ ဘားအံဂေါက်ကွင်း၌ ကျင်းပသည်။
Subscribe to