မြစ်သား သြဂုတ် ၁၇
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့နယ်အတွင်း ဆန်စပါး ဖူလုံပိုလျှံရေးမိုးစပါး ပျိုးထောင်စိုက်ဧက(၃၀၂၅၁)ဧက၊ တိုက်ရိုက်စိုက်ဧက(၁၃၃၁၆)ဧက၊ စုစုပေါင်းမိုးစပါးစိုက်ဧက( ၄၃၅၆၇) ဧက စိုက်ပျိုးပြီးစီးကြောင်း သိရသည်။
မြစ်သားမြို့နယ် အနေဖြင့် မိုးစပါးများ စိုက်ပျိုးရာတွင် မနောသုခ၊ရွှေမနော၊ဧရာမင်း၊ ဆင်းသုခနှင့်GW-11 စပါးမျိုးများ အဓိကထားပြီး ဒေသအလိုက် မိမိတို့စိုက်ပျိုးလိုသည့်နည်းစနစ်များဖြစ်သော ပျိုးထောင်စိုက်ပျိုးခြင်း၊ အစေ့တိုက်ရိုက်ချစိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းနည်းလမ်းများဖြင့် စိုက်ပျိုး ခဲ့ကြသည်။
မိုးစပါးစိုက်ခင်းများ အောင်မြင်ရေးနှင့်အထွက်နှုန်းကောင်းမွန်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသ နှင့် ကိုက်ညီသည့်စပါးမျိုးများ ဖြန့်ဝေပေးလျက်ရှိပြီးစိုက်နည်းစနစ်များမှန်ကန်စေရေးနည်းပညာများ စနစ် တကျကူညီပေးလျက်ရှိပြီး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ ပြည့်ဝစွာ အလှည့်ကျစနစ်ဖြင့် ပေးဝေခြင်း၊မြို့နယ်စက်မှုလယ်ယာဦးစီးဌာန အချိန်သက်သာစေခြင်း၊ လုပ်သားရှားပါးမှုနှင့် လုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေရေး၊ စက်ကိရိယာ များဖြင့် စပါးစိုက် တောင်သူများနှင့် ပူးပေါင်း၍ကူညီဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၃-၂၀၂၄ခုနှစ် မိုးစပါးစိုက်ဧက (၄၃၅၆၇)ဧကစိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနတာဝန်ရှိသူ တစ်ဦးထံမှသိရသည်။
ဝင်းမင်းထွန်း(မြစ်သား)