ဗန်းမော်မြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ သတင်းတု/သတင်းမှားများ ခွဲခြားသိမြင်နိုင်ရေး အသိပညာပေးဟောပြော

ဗန်းမော် ဩဂုတ် ၁၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ဗန်းမော်)တွင် ပညာသင်ကြားနေသည့် သင်တန်းသူများအား သတင်းတုသတင်းမှားများ ခွဲခြားသိမြင်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၁၇ ရက်နံနက် ၁၀ နာရီက ကချင်ပြည်နယ်၊ ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ဗန်းမော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ထွန်းက သတင်းတုသတင်းမှားများ ခွဲခြားသိမြင်နိုင်စေရန် သတင်းနှင့်သတင်းအချက်အလက်၊ ယနေ့ခေတ်တွင် အရေးပါလာသော သတင်းအချက်အလက်၊ သတင်းတစ်ပုဒ်ကို ခွဲခြမ်းစိတ်ဖြာခြင်း အချက်များ၊ သတင်းမှား/သတင်းမှန် ဘယ်လိုခွဲခြားမလဲ စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကာ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (ဗန်းမော်)မှ  နည်းပြဆရာ/ဆရာမများ၊ သင်တန်းသူများ စုစုပေါင်း(၄၇)ဦးတို့က တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)