မင်းဘူးမြို့၌ PSDP အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မင်းဘူး  ဩဂုတ်  ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ၂၀၂၃ ခုနှစ် PSDP အရ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား အလွတ်တန်း အမျိုးသား ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဩဂုတ်လ ၁၆ ရက် ညနေ ၃ နာရီက မင်းဘူးမြို့ ခရိုင်အားကစားကွင်း မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ဩဂုတ်လ ၁၃ ရက်နေ့မှ စတင် ကျင်းပလျက်ရှိကာ  အသင်းပေါင်း ၂၁ သင်း  ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ဩဂုတ် ၁၆ ရက်နေ့တွင် တတိယလုပွဲနှင့် ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားခဲ့ရာ ဗိုလ်လုပွဲ၌ Diamond အသင်းနှင့် မန်းအိမ်ယာ အသင်းတွင် Diamond အသင်းက ပထမ၊ တတိယလုပွဲ၌ ချမ်းသာ ကြီးနှင့် Recycle အသင်းတွင် ချမ်းသာကြီးက တတိယရရှိခဲ့ကြပြီးဆုများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် တာဝန်ရှိသူများမှ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)