အင်္ဂပူ ဩဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးအစည်းဝေးခန်းမ၌ ယမန်နေ့နေ့လယ်ပိုင်းက ၂၀၂၃ - ခုနှစ် မိုးစပါးတစ်ဧက(၁၀) တင်းနှုန်း ပိုမိုထွက်ရှိရေး၊ စိုက်ပျိုးရေးနည်းစနစ်လိုက်ပါဆောင်ရွက်သော တောင်သူများအား (MPE) ယူရီးယားမြေသြဇာ (ပထမအကြိမ်) ထောက်ပံ့ပေးအပ်ပွဲ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သော်မြင့်က ယူရီးယားမြေဩဇာ ထောက်ပံ့ပေးအပ်နိုင်မှုများအား ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့်ကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌဦးအောင်ကျော်မိုးက ယူရီးယားဓာတ်မြေဩဇာများအား တောင်သူများထံစနည်းတကျထုတ်ပေးရေးနှင့် ဓာတ်မြေဩဇာများအား နည်းစနစ်တကျသုံးစွဲရေးတို့အား မှာကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များက ကျေးရွာအုပ်ချုပ်ရေးမှူးများထံ (MPE)ယူရီးယားဓာတ်မြေဩဇာများ ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့်ကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သော်မြင့်နှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တောင်သူများ တက်ရောက်ခဲ့ ကြောင်းနှင့် ယနေ့တွင် (MPE)ယူရီးယားဓာတ်မြေဩဇာ ၃၅၈ အိတ်ထုတ်ပေးခဲ့ကြာင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)