မဟာအောင်မြေမြို့နယ်အတွင်း မြို့နယ်ပေါင်းစုံ လက်ဝှေ့လူရွေးချယ်ပြိုင်ပွဲတွင် ရွှေတံဆိပ်၊ ကြေးတံဆိပ်ရရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်

မဟာအောင်မြေ ဩဂုတ် ၁၇

မဟာအောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ၂၀၂၃ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ လက်ဝှေ့လူရွေးချယ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၁၀)ခု၊ ကြေးတံဆိပ်(၂)ခုဖြင့် စုပေါင်းတံခွန်စိုက်ဆုရရှိသူ အားကစားသမားများအား ယမန်နေ့နံနက်ပိုင်းက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်သော အားကစားသမားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦးနှင့် အဖွဲ့ဝင်များမှတွေ့ဆုံ၍ ဂုဏ်ပြုအားပေးစကားပြောကြားပြီး ဂုဏ်ပြုဆုချီးမြှင့်ငွေ(၅)သိန်းကျပ်အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း