ပျော်ဘွယ် ဩဂုတ် ၁၇
ပျော်ဘွယ်မြို့နယ်တွင် မျိုးဆက်သစ်ဘောလီဘောအားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား လူငယ်ဘောလီဘောပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဩဂုတ်လ(၁၆)ရက်၊ ညနေ (၄)နာရီက မြို့နယ်အားကစားကွင်းတွင်ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဗိုလ်လုပွဲအဖြစ် အ.ထ.က-၂(ပန်းစုံ)အသင်းနှင့် အ.ထ.က(သိမ်ကုန်း)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အ.ထ.က(သိမ်ကုန်း)အသင်း)က နှစ်ပွဲတစ်ပွဲဖြင့် အနိုင်ရရှိခဲ့သည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကိုကျင်းပရာ ပထမဆုရရှိသည့် အ.ထ.က(သိမ်ကုန်း)အသင်းနှင့် ဒုတိယဆုရရှိသော အ.ထ.က-၂(ပန်းစုံ)အသင်းတို့အား မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဦးလွင်နှင့်တာဝန်ရှိသူများက ဆုဖလား၊ ဆုငွေ၊ တစ်ဦးချင်းဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)