ကမာရွတ်မြို့နယ်၌ ပညာရေးစီမံအုပ်ချုပ်မှု သင်တန်းအမှတ်စဥ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ကမာရွတ် သြဂုတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယနေ့နံနက် (၁၀း၃၀)နာရီ၌ ကမာရွတ်မြို့နယ် အမှတ်(၁၀)ရပ်ကွက် ဦးဝိစာရလမ်း အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၊ သိင်္ဂီ​​ မြိုင်ခန်းမတွင် ပညာ​ရေးစီမံအုပ်ချုပ်မှုသင်တန်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေနှင့် ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်း၊ ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ကေသွယ်လှိုင်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦး၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချိုချိုမြတ်အောင်၊ ညွှန်ကြားရေးမှူး(စီမံ/ဘဏ္ဍာ) ဒေါက်တာနန်းထိုက်အောင်၊ ညွှန်ကြားရေးမှူး(ပညာ) ဒေါက်တာခင်သန်းဦး၊ ဒုတိယညွှန်ကြားရေးမှူး (စာရင်းအင်း/ကွန်ပျူတာ) ဒေါက်တာလဲ့လဲ့ပိုင်နှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူ ကျောင်းအုပ်ချုပ်ကြီးများ၊ ဖိတ်ကြားထားသူများ စုစုပေါင်းအင်အား (၂၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့မှ တက်​ရောက်ကြ​သော သင်တန်းသား၊သင်တန်းသူ ကျောင်းအုပ်ကြီးများ၏ သင်တန်းကာလ (၃)လစာအတွက် ဆန်၊ဆီ၊များကို ထောက်ပံ့ပေးခဲ့ပါသည်။

အဆိုပါ သင်တန်းသို့ ကရင်ပြည်နယ် ၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ စုစုပေါင်း အင်အား (၁၀၀)ဦး တက်ရောက်လျက်ရှိ၍ သင်တန်းကာလမှာ ၁၆-၈-၂၀၂၃ ရက်နေ့မှ ၁၅-၁၁-၂၀၂၃ ရက်နေ့အထိ(၃) လ ဖြစ်ပါကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)