စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနား တက်ရောက်

မုံရွာ သြဂုတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ယနေ့မွန်းလွဲပိုင်းက ၂၀၂၃-ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနား ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြည်သူလူထုအနေဖြင့် မိခင်နို့ တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများအား စိတ်ဝင်စားကာ ပူးပေါင်းပါဝင် ဆောင်ရွက်ရန် ရည်ရွယ်၍ မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုအခမ်းအနားကို နှစ်စဉ်ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်ပါကြောင်း၊ အဟာရဖွံ့ ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများအား သြဂုတ်လတစ်လ လုံးဆောင်ရွက်ရာတွင် ပထမရက်သတ္တပတ်အား မိခင်နို့စနစ်တကျတိုက်ကျွေးရေးလှုပ်ရှားမှုများ၊ ဒုတိယရက်သတ္တပတ်ကို အသက် ၅ နှစ်အောက်နှင့် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှုများ၊ တတိယရက် သတ္တပတ်အား ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရ ဖွံ့ဖြိုးရေးလှုပ်ရှားမှုများ၊ စတုတ္ထရက်သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့မှုပပျောက်ရေးလှုပ်ရှားမှုများ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုနှစ် ဆောင်ပုဒ်ဖြစ်သည့် လုပ်ငန်းခွင်ဝင်မိခင်တို့ နို့ချိုတိုက်ကျွေးနိုင်စေရန် ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်စို့နှင့်အညီ လုပ်ငန်းခွင်မှမိခင်များ လုပ်ငန်းခွင်မပျက် မိခင်နို့တစ်မျိုးတည်းအား ၆ လအထိတိုက်ကျွေးနိုင်ရေး၊ ကလေးအသက် ၂ နှစ်အထိ သင့်လျော်သော ဖြည့်စွက်စာကျွေးခြင်း ဖြင့် မိခင်တို့ဆက်လက်တိုက်ကျွေးနိုင်ရေးနှင့် လုပ်ငန်းခွင်မှ မိခင်များအတွက် ပတ်ဝန်းကျင်ကောင်းများရှိလာစေရေး ဝိုင်းဝန်းကူညီဆောင်ရွက် ပေးသွား ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကမ္ဘာ့မိခင်နို့တိုက် ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု Video Clip အား ကြည့်ရှု အားပေးကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စံပြမိခင်ဆု ပထမ၊ ဒုတိယ၊ တတိဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားသို့ တက်ရောက်လာကြသော အသက် ၅ နှစ် အောက်ကလေးငယ်များအား အင်အားဖြည့်ဗီတာမင်အေဆေးလုံးများ လိုက်လံတိုက်ကျွေးကြပြီး အမှတ်တရလက်ဆောင်များ အသီးသီး ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၃-ခုနှစ် ကမ္ဘာ့ မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများနှင့် ဗီတာမင်ဆေးများပြသထားရှိမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။                                          

တိုင်းဒေသကြီး၊ ပြန်/ဆက်