နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော် မတ် ၇

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ်၊ သာစည်ကျေးရွာ အဝင်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ နေပြည်တော်ကောင်စီ၏ (ဖြည့်စွက်) ရန်ပုဲငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာနမှတာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် (၁.၅၂မီတာ၊ ၉.၁၄မီတာ၊ ၂.၁၃မီတာ) Box Culvart နှစ်စင်းတည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် အရည်အသွေး ပြည့်မီရေး မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် လယ်ဝေးမြို့နယ်၊ သရက်ကုန်းကျေးရွာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊နေပြည်တော်ကောင်စီ၏ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ငွေသဇင်လင်း ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် သရက်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး Steel Structure ပေ ၂၀×၃၀၊ ဆောက်လုပ်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်သည် သာဝတ္ထိကျေးလက်ကျန်းမာရေးဌာနသို့ ရောက်ရှိကာ ကျေးလက်ကျန်းမာရေးဌာနဝန်းအတွင်း ရေဝင်ရောက်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် ရေနုတ်မြောင်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို သက်ဆိုင်ရာဌာနများအား မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)