ကျောက်တံခါးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ကျောက်တံခါး မတ် ၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်ဆွေက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူးက မတ်လ (၁၁) ရက်နေ့တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ မီးသတ်ဦးစီးဌာန၊ လျှပ်စစ်ဌာနနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်ထားရှိမှု အခြနေများကို ဆွေးနွေးကြသည်။

ကျောက်တံခါးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောက်တံခါးစာစစ်ဌာန၊ ပဲနွယ်ကုန်းစာစစ်ဌာနနှင့် ဖဒိုစာစစ်ဌာန စာစစ်ဌာန (၃) ခုဖြင့် ဖြေဆိုရန် စီစဉ်ထားရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)