တောင်တွင်းကြီးမြို့နယ်တွင် ဆီထွက်သီးနှံ (နှမ်း) စံကွက်ရိတ်သိမ်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ဆီထွက်သီးနှံ (နှမ်း) စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းက ကွင်းအမှတ် (၂၂၂၅)၊ ဦးပိုင်အမှတ်(၂၈၉)ရှိ တောင်သူ ဦးကြည်စိုးစိုက်ပျိုးထားသည့် ၁ ဒသမ ၁၈ ဧက၌ ဆောင်ရွက်ခဲ့သည်။                                       

 မောက်မယ်အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှုများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ “ကျန်းမာပျော်ရွှင် ပညာသင်ဖို့ ပတ်ဝန်းကျင်ကောင်း ဖန်တီးစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းသား/ကျောင်းသူများအား ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရေး အရှိန်အဟုန်မြှင့်တင်၍ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် ယခုမိုးဦး ကာလတွင်ငှက်ဖျားရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါ၊

ညောင်ဦးမြို့နယ် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ်အောက် ၂၁၀၈ စင်တီမီတာတွင် အတက်အကျမရှိ ရပ်တန့်နေ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာအောက် ၂၁၀၈ စင်တီမီတာတွင် အတက်အကျမရှိဘဲ ရပ်တန့်နေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ် ၂၁ ရက် နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ သိရသည်။

လူငယ်များအတွင်း စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေး စာဖတ်ဝိုင်း ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမတွင် လူငယ်များအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်၊ စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ (Youth Club)အဖွဲ့ဝင်များဖြင့် စာရေးဆရာမ ခင်စောတင့်ရေးသားထားသော “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။            

သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ​အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို ယမန်​နေ့နံနက် ၇ နာရီက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် နွားမေထုံမဲ့သားစပ်နည်း သင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာသန်စွမ်းသောမျိုးကောင်းမျိုးသန့်နွားများ ရရှိစေရေးအတွက် နွားမေထုံမဲ့သားစပ်နည်း သင်တန်းကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့နယ် “နမ့်ခုံး”ရှမ်းများ ပရဟိတအသင်းခွဲမှ ကုသိုလ်ဖြစ် အခမဲ့ဆေးခန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် သက်ကြီးရွယ်အိုဘိုးဘွားများနှင့် မသန်စွမ်းသူများ ကျန်းမာကြံ့ခိုင်မှုရှိစေရေး အတွက် ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းကို မွေတော်ပရိယတ္တိစာသင်တိုက် မြို့ဦးဓမ္မာရုံ၌ ဩဂုတ် ၂၀ ရက်နေ့ နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

မက်မန်းမြို အခြေခံပညာအထက်တန်းကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေး၊ ခြင်ပေါက်ပွားမှုမရှိစေရေးတို့အတွက် ခြင်းဆေးဖျန်းခြင်းများကို ဩဂုတ် ၂၀ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေါပုံမြို့နယ်တွင် သမဝါယမအသင်းစု လီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ မြို့နယ်သမဝါယမအသင်းစု လီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဩဂုတ် ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ရွှေယမုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အုတ်ဖိုမြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေး

ကျန်းမာတက်ကြွသောလူကြီးဘဝကို ဖြတ်သန်းနိုင်စေရန်ရည်ရွယ်၍ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to