ဖြူးမြို့နယ်၌ ပြည်သူများအား စျေးနှုန်းချိုသာစွာနေ့စဉ် ရောင်းချပေးသည့် စားသောက်ကုန်များ ဝယ်ယူသူများပြား
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူများစျေးနှုန်းချိုသာစွာဖြင့် စားသောက်ကုန်များဝယ်ယူ စားသုံးနိုင်ရန်အတွက် နေ့စဉ်ဖြူးမြို့မစျေးအနီး၌ ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လာရောက် ဝယ်ယူသူများ ပိုမိုများပြားလာကြောင်း သိရသည်။