တောင်တွင်းကြီးမြို့နယ်တွင် ဆီထွက်သီးနှံ (နှမ်း) စံကွက်ရိတ်သိမ်းပွဲ ကျင်းပ

တောင်တွင်းကြီး ဩဂုတ် ၂၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ဆီထွက်သီးနှံ (နှမ်း) စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းက ကွင်းအမှတ် (၂၂၂၅)၊ ဦးပိုင်အမှတ်(၂၈၉)ရှိ တောင်သူ ဦးကြည်စိုးစိုက်ပျိုးထားသည့် ၁ ဒသမ ၁၈ ဧက၌ ဆောင်ရွက်ခဲ့သည်။                                       

အဆိုပါ မိုးနှမ်းစံကွက် ရိတ်သိမ်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်ဇင်ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးအေးနှင့်ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်‌အေးနှင့် ဝန်ထမ်းများ၊ ကျေးရွာစိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက တောင်သူများ ပူးပေါင်း၍ မိုးနှမ်းစံကွက်ရိတ်သိမ်းခြင်းဆာင်ရွက်ခဲ့ပြီး တောင်တွင်းကြီးမြို့နယ်အနေဖြင့် နှမ်းစိုက်ဧက စုစုပေါင်း ၁၁၄၈၉၃ ဧကစိုက်ပျိုးထားကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)