မိုင်းကိုင်မြို့နယ်၊ အ.လ.က(ပန်ကတ်)၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရန်အတွက် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လှုပ်ရှားမှုများကို ဩဂုတ်လ ၁၀ ရက်နေ့၊ နေ့လယ်က အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်း ကျောင်း(ပန်ကတ်)သို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မလှိုင်မြို့ အခွန်လွတ်သာသနာ့မြေဂရန် လျှောက်ထားမှုနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မတ္ထီလာခရိုင်၊မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး(လက်ထောက်ကော်လိတ္တော်အရာရှိ) ဦးစိုးမင်းထက် သည် သြဂုတ်(၉)ရက် နေ့လယ်ပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် မလှိုင်မြို့၊ ပန်းအိုင်ကျေးရွာအုပ်စု ပန်းအိုင်ကျေးရွာ “ ကံစွယ် ” ဘုန်းတော်ကြီးကျောင်း အမည်ဖြင့် အခွန်လွတ်သာသနာ့မြေဂရန် လျှောက်ထားမှုနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်း တိုင်းတာစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

တာလေမြို့၌ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးဧကပေါင်း ၆၀၉၃ ဧက စိုက်ပျိုးပြီးစီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့နေ ပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြရာ ၂၀၂၃-၂၀၂၄ ခုနှစ်၌ မိုးစပါးဧကပေါင်း ၆၀၉၃ ဧက စိုက်ပျိုးပြီးစီးထားကြောင်း မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

မင်းတုန်းမြို့တွင် Biometric အချက်အလက် ကောက်ယူမှု (၃၇၀၈)ဦးပြီးစီး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနက ဦးတည်အုပ်စု (၆)အုပ်စုအတွင်းရှိ ဝန်ထမ်းများ၏ Biometric အချက်အလက်များအား ဇွန်လ ၂၂ ရက်နေ့မှစ၍ ကောက်ယူခဲ့ပြီး ဝန်ထမ်းမိသားစုဝင်များနှင့် ကျောင်းသား/ကျောင်းသူများအား ဆက်လက် စာရင်းကောက်ယူခဲ့ရာ ဩဂုတ်လ ၁၀ ရက်နေ့အထိ ကျား(၁၆၈၀)ဦး၊ မ(၂၀၂၈)ဦး စုစုပေါင်း (၃၇၀၈)ဦး စာရင်းကောက်ယူပြီးစီးပြီဖြစ်သည်။

ရန်ကုန်မြို့ TTEC ကိုယ်ပိုင်အထက်တန်းကျောင်း ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ရန်ကုန်မြို့ TTEC ကိုယ်ပိုင်အထက်တန်းကျောင်း ကျပန်းစကားပြောပြိုင်ပွဲကျင်းပ ရန်ကုန် ဩဂုတ် ၁၂ ခရိုင်(ပြန်/ဆက်)

မူဆယ်မြို့ ဟင်းသီးဟင်းရွက်ဈေးကွက်တွင် ရာသီပေါ်မှိုများ တစ်ပိဿာလျှင် မြန်မာငွေ (၃၅၀၀၀) ကျပ်အထိ ရောင်းချရ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြန်မာ-တရုတ် နယ်စပ်မြို့ဖြစ်သော မူဆယ်မြို့သည် တောင်ပေါ်ဒေသဖြစ်ပြီး ယခုကာလ ဝါဆို၊ ဝါခေါင်၊ တော်သလင်းလတို့ အတွင်း နွေရာသီအကုန်(မိုးဦး)ကာလတွင် ရာသီပေါ်မြှစ်များနှင့် ဝါးပင်အခြေ၌ ပေါက်ရောက်သော ဝါးရုံမှိုများအပြင် တောင်ပေါ်ဒေသနှင့် မြေပြန့် အညာဒေသတို့တွင် ဒေသမရွေးပေါက်တတ်သော ရာသီပေါ်မှို(ငှက်စွေမှို)များ ပေါက်ရောက်သည့် ရာသီချိန်ဖြစ်၍ မြို့မဈေးကြီးနှင့် ကချင်ဈေး၊ ညနေဈေးတို့တွင် လာရောက်ရောင်းချကြပြီး ဈေးကောင်းသော်လည်း ရောင်းအားကောင်းကြောင်း သိရသည်။

ရမည်းသင်းမြို့ Community Centre တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

ရမည်းသင်းမြို့ Community Centre တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ ရမည်းသင်း ဩဂုတ် ၁၂ ဇော်ဝင်းအောင်
Subscribe to