ကျောက်ဆည် ဩဂုတ် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှရန်ပုံငွေဖြင့် အခြေခံသမဝါယမအသင်းသား စပါးတောင်သူ(၂၂၀)ဦးမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဧရာပဒေသာမိုးစပါး(၁၀၀၀)ဧက စိုပျိုးထားကြောင်း သိရသည်။
ဧရာပဒေသာမိုးစပါးများကို ပတ္တာကျေးရွာစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း လီမီတက်မှ အသင်းသား(၃၁)ဦးက(၁၅၀)ဧက၊ တောင်ပလူ ကျေးရွာစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမီတက်မှအသင်းသား (၂၃)ဦးက(၁၀၀)ဧက၊ ရဲမအူကျေးရွာစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမီတက်မှ အသင်းသား(၁၅)ဦးက (၁၀၀)ဧက၊ ငါးလုံကုန်းကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ အသင်းသား(၄၁)ဦးက (၁၅၀)ဧက၊ ပွတ္တိုင်ကျေးရွာ ရောင်နီဦး စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်မှ အသင်းသား(၃၈)ဦးက (၁၅၀)ဧက၊ ပင်တလည်ကျေးရွာ စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်း လီမိတက်မှ အသင်းသား(၉)ဦးက (၅၀)ဧက၊ ကတဲကျေးရွာ ရွှေသဇင်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ အသင်းသား(၁၃)ဦးက (၅၀)ဧက၊ ငှက္ကတောင်ကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်မှ အသင်းသား (၇)ဦးက(၅၀)ဧက၊ ရွှေလေးကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမီတက်မှ အသင်းသား(၂၂)ဦးက (၉၀)ဧက၊ ဇရပ်ဖြူကျေးရွာ စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်း လီမိတက်မှ အသင်းသား(၂၁)ဦးက (၁၁၀)ဧက စုစုပေါင်း (၁၀၀၀)ဧက စိုက်ပျိုးထားကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် သမဝါယမဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ အခြေခံသမဝါယမ အသင်းသားများ လူမှုစီးပွားဘဝဖွံ့ဖြို့တိုးတက်ရေရန်အတွက် မိုးကြိုရာသီနှင့်မိုးရာသီများတွင် စပါးစိုက်ပျိုးသည့် တောင်သူများအား သွင်းအားများ လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)