အ.ထ.က မင်းလှ(မြို့တွင်း)ကျောင်းတွင် ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ အသိပညာပေးသင်တန်းပို့ချ

မင်းလှ  ဩဂုတ် ၁၁

ကျောင်းသား/သူများ အသိပညာဗဟုသုရရှိစေရန်အတွက် ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍အသိပညာပေးသင်တန်းကို သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ အ.ထ.က မင်းလှ (မြို့တွင်း) ကျောင်း သပြေခန်းမ၌ ပို့ဩဂုတ် ၁၀ ရက်နံနက် ၁၀ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်က အဖွင့်အမှာစကားပြောကြားပြီး လူမူဝန်ထမ်းဦးစီးဌာန သာယာဝတီခရိုင် လူမူဝန်ထမ်းရုံးမှဦးစီးမှူး မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါ်မို့မို့အေးက သင်တန်းဖွင့်လှစ်ရခြင်းများကို ပြောကြားသည်။

ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်နှင်းယုဝေက ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ ဥ‌ပဒေအကြောင်းအရာများကို သင်တန်းပို့ချခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စန္ဒာအောင်က စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းအရာများကို ဆွေးနွေး‌ဟောပြောခြင်းတို့ဆောင်ရွက်ခဲ့ပြီး ကျောင်းသား/သူလေးများကို ပြန်လည်ဆွေးနွေး‌မေးမြန်းခဲ့၍ ဆုလက်ဆောင်များချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အဆိုပါသင်တန်းကို မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းဝင်းနှင့် ဆရာဆရာမများ၊ ကျောင်းသား/သူ များစုစု‌ပေါင်း(၁၁၀)ဦး တက်ရောက်ခဲ့ကြသည်။

ဆက်လက်၍ မွန်းလွဲ ၁ နာရီချိန်တွင်ကျောင်းသား/သူများ၏  မိဘအုပ်ထိန်းသူများကို ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပေါက်စ(မင်းလှ)