မင်းလှ ဩဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စုများမှ အမိုးလန်ပျက်ဆီးဆုံးရှုံးသွားသည့်နေအိမ်မှ အိမ်ထောင်စုဝင် များကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမူဦးစီးဌာနက ထောက်ပံ့ငွေများပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့က ပြုလုပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ရာတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးစိုးထွဋ်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဦးစီးဌာန ဦးစီးမှူးဒေါ်ကေသီမြင့်နှင့် ဝန်ထမ်းများက ဩဂုတ် ၈ ရက်နံနက်ပိုင်းတွင် ရွှေလောင်းကျေး ရွာအုပ်စုနှင့် ဒီလှိုင်းကျေးရွာအုပ်စုတို၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဖြစ်ပွားခဲ့သော အမိုးလန်လူနေအိမ်(၆)လုံးနှင့် အမိုးလန်ဘုန်းတော်ကြီးကျောင်း(၁) ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၅၀,၀၀၀) ကျပ်နှင့် အိမ်ထောင်စု(၆)စုရှိ လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၃,၁၀၀)ကျပ် စုစုပေါင်း (၃၇၃၁၀၀)ကျပ်အား ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)