သရက်ချောင်းမြို့နယ်အတွင်းရှိ ကလေးသူငယ်များအား အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် ဗီတာဗင်–A နှင့် သံချဆေးတိုက်ကျွေး

သရက်ချောင်း   သြဂုတ်   ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် ဩဂုတ်လ ၁၄ ရက်နေ့ ၉ နာရီအချိန်မှစတင်၍ မြို့နယ်အတွင်းရှိ ကလေးသူငယ်များအား ဗီတာဗင်A နှင့် သံချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကလေးသူငယ်များအား ပေါင်အလေးချိန်ခြင်း၊ စာရင်းရေးသွင်းခြင်း၊ ကလေးသူငယ်များ ခန္ဓာကိုယ်ဖွံ့ဖြိုးရန်အတွက် ဗီတာဗင်A နှင့် သံချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှသိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)