ကွတ်ခိုင်မြို့တွင် Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များငှားရမ်းပေး

ကွတ်ခိုင် ဩဂုတ် ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် ယမန်နေ့နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ စာအုပ်၊ စာစောင်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေချစ်မြတ်နိုးသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို စာပေနှင့် မဝေးကွာလိုစေရန်၊ အချိန်မကုန်မပင်ပန်းစေဘဲ အဆင်ပြေပြေငှားရမ်းနိုင်ရေးနှင့် စာပေလေ့လာနိုင်ရေးတို့အတွက် Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့အရောက် စာအုပ်စာစောင်များကို သွားရောက်ငှားရမ်းပေးခြင်းဖြစ်သည်။

ထိုသို့ စာအုပ်များငှားရမ်းပေးရာတွင် အသိပညာဗဟုသုတများစွာရရှိမည့် သုတ/ရသ၊ စာအုပ်၊ စာစောင်များ စုံလင်စွာငှားရမ်းပေးခဲ့ပြီး စာအုပ်များကို ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ်လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။ 

ချစ်မျိုးဦး(ကွတ်ခိုင်)